ပျော်ဘွယ် ဇွန် ၅
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများ လိုက်ပါလျက် ပျော်ဘွယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဇွန်လ ၅ ရက်နံနက် ၁၁ နာရီကရောက်ရှိပြီး အားကစားကွင်း စနစ်တကျပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုကဲ့သို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဒုတိယဝန်ကြီးက အားကစားကွင်းအတွင်း ပေါင်းပင်များ ရှင်းလင်းနိုင်ရန် လိုအပ်သော စက်ကိရိယာများတင်ပြတောင်းခံနိုင်ရေး၊ ဝန်ထမ်းအင်အား ပြည့်မီစွာခန့်ထားနိုင်ရေး၊ အားကစားပြိုင်ပွဲများကို သတ်မှတ်လျာထားမှုအတိုင်းကျင်းပပေးနိုင်ရေး၊ မြို့နယ်အဆင့်ပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် လေ့ကျင့်ပျိုးထောင်သွားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး အားကစားကွင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)