ဖြူး ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) တပ်တွင်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ အသက် (၁၀) နှစ်နှင့် အထက် ကျောင်းသား/ သူများအား ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများမှ အားပေးကြည့်ရှု၍ ကျောင်းသား/ သူများ၏ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက် ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း လမင်းစီမံချက်ကို အသက် (၁၀) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)