သာပေါင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပ
Jun 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရာသီ ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရေဘေးကာကွယ်ရေးတာများ မကျိုးပေါက်နိုင်ရန် ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ကျေးရွာ၊ ငဝန်တာ၊ တာမိုင်(၆၇/၀)၊ ရေကင်းစခန်းအမှတ်(၆)တွင် ယနေ့ ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပပြုလုပ်ကြသည်။