အိမ်မဲ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အ-မ-က မြို့မ (၂) တွင် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ် ပေါ်လာပုံအကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အခြေခံအကျဆုံးနှင့် အထိရောက်ဆုံးအချက်များ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့ နံရံကပ်စာစောင်များနှင့်စာအုပ် စာစောင်များကိုပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ထိုကဲ့သို့ အသိပညာပေး ဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာမည်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကို မြို့နယ် (Community Centre) ခန်းမတွင်သာမက ကျောင်းသား ၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များရှိမည့် စာသင်ခန်းများအရောက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)