သတင်းများ

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကို သိရှိစေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား/သူ (၄၅)ဦး တက်ရောက်ခဲ့သည်။
ကျားကာကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးမည်ဖြစ်
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလိုအပ်သည့်လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျားကာကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား  ကွန်ကရစ် ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း ယာယီပိတ်ထားရ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း ယာယီပိတ်ထားရကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
လှိုင်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် လှိုင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရေနံချောင်းမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(လည်ပေါ်)ကျောင်းတွင် ကျင်းပခဲ့သည်။
မာန်အောင်မြို့ မြို့မကျောင်းကြီး ဦးစီးပဓာနနာယက ပျံလွန်တော်မူဆရာတော် (ဘဒ္ဒန္တဣဿရိယ)၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲကျင်းပ
Jul 15,2024
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး၏ဦးစီးပဓာနနာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ပျံလွန်တော်မူဆရာတော်ကြီး (ဘဒ္ဒန္တဣဿရိယ)၏ (၂)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှု အလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ကျေးရွာမြေငှားဂရန် ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူများအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့်တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လူသုံးကုန်ထုတ်လုပ်မှု ဆပ်ပြာဆီအမျိုးမျိုးပြုလုပ်နည်းသင်တန်းဖွင့်ပွဲ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်း လူသုံးကုန်းထုတ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ထီလှိုင်အုပ်စု ဈေးကုန်းကြီးကျေးရွာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။