ကျားကာကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးမည်ဖြစ်

ကျောက်ဆည် ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလိုအပ်သည့်လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျားကာကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား  ကွန်ကရစ် ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား  ကွန်ကရစ်ခင်းပေးရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် လမ်းဖြစ်မြောက်ရေးကော်မတီအား ကျေးရွာပြည်သူများနှင့် ဖွဲ့စည်း၍ နိုင်ငံတော်မှခွင့်ပြုပေးသည့် လုပ်ငန်းခွင့်ပြုငွေများအပြင် ပြည်သူများ၏ လုပ်အားများထည့်ဝင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် ဆောင်ရွက်နိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျားကာကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပြီးပါက မြို့ပြနှင့်မခြား လမ်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ကျေးရွာပြည်သူများအနေဖြင့် တစ်အိမ်နှင့်တစ်အိမ် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူနေမှုစနစ်များလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)