သတင်းများ

မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Jul 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jul 07,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်သည်။
ပေါင်းတည်၌ ရေစီးရေလာကောင်းမွန်‌စေ​ရေးနှင့် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ပြန်လည်ဆယ်ယူတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 07,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက စျေး(၂)ရပ်ကွက် မင်းသားကြီးကန်တော်အနီး ရန်ကုန်-ပြည်လမ်းနှင့် ဘုရားကြီးလမ်းရှိ ရေနှုတ်မြောင်းများအား ပြန်လည်ဆယ်ယူတူးဖော်လျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းက မြို့နယ်ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းအ.လ.က သဲချောင်းကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အလယ်တန်းကျောင်း အ.လ.က သဲချောင်း တွင်ကျောင်းကောင်းစီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၄)ရက်နေ့ ည‌နေပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 07,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇူလိုင် ၅ ရက်နေ့နံနက် ၁၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Jul 07,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မိုးရာသီတွင် ရပ်ကွက်/ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကားဂိတ်၊ လူစည်ကားသည့်နေရာနှင့် ဈေးအတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။