ရန်ကုန် ဇူလိုင် ၇
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ဒီကနေ့ဇူလိုင် ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည့် BADMINTON ASIA REGIONAL CHAMPIONSHIPS 2025 (Southeast Asia) Mixed Team & Individual Event ပြိုင်ပွဲသို့ ၀င်ရောက်ယှဥ်ပြိုင်ရန် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်လက်ရွေးစင်များသည် ဇူလိုင် ၅ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ တာ၀န်ရှိသူများက ပို့ဆောင်နှုတ်ကြသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ အုပ်ချုပ်၊ နည်းပြနှင့် လူငယ်လက်ရွေးစင်ကစားသမား အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၁၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် လူငယ်လက်ရွေးစင်ကစားသမားများသည် U-15 ၊ U-17 ၊ U-23 တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အိမ်ရှင်ကမ္ဘာဒီးယား၊ မြန်မာ၊ လာအို၊ တီမော၊ ဘရူနိုင်းနိုင်ငံများ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)