ပေါင်းတည်၌ ရေစီးရေလာကောင်းမွန်‌စေ​ရေးနှင့် ရေကြီးရေလျှံမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ပြန်လည်ဆယ်ယူတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက စျေး(၂)ရပ်ကွက် မင်းသားကြီးကန်တော်အနီး ရန်ကုန်-ပြည်လမ်းနှင့် ဘုရားကြီးလမ်းရှိ ရေနှုတ်မြောင်းများအား ပြန်လည်ဆယ်ယူတူးဖော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနုတ်မြောင်း ပြန်လည်ဆယ်ယူ တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မိုးလှိုင် အနီးကပ်ကြီးကြပ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက လမ်းဘေးရေနုတ်မြောင်းများ ပြန်လည်ဆယ်ယူ တူးဖော်ခြင်း၊ ရေမြောင်းများအတွင်း ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို လူအား၊ စက်အားတို့ဖြင့် ဖော်ထုတ်ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ရရှိအမှိုက်မျိုးစုံအား အမျိုးအစားအလိုက်ခွဲခြား၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ယာဉ်များဖြင့် စနစ်တကျသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ရွှေသား (IPRD)