နတ်မောက် ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများမျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးပြီး စာပေနှီးနှောဖလှယ်နိုင်ရေးရည်ရွယ်၍ စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာ မြင်းခြံကျော်အောင်(ခ) သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့ဝင်များနှင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူဝါသနာရှင်များဖြင့်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နတ်မောက်မြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြို့နယ်ပြန်/ဆက်ရုံးရှိဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူ ဝါသနာရှင် စုစုပေါင်း (၂၈)ဦးတက်ရောက်ခဲ့ကြသည်။
မူမူစန်း