သတင်းများ

မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာ ဂန္ဓမာလမ်းတွင် ဆိုင်ခန်းပေါ်သို့ သစ်ပင်လဲကျ၍ ရှင်းလင်းဖယ်ရှား ဆောင်ရွက်
Jul 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဂန္ဓမာလမ်းတွင် လုံးပတ်(၈)ပေ အမြင့်(၁၈)ပေခန့် နဘဲပင်သည် အနီးရှိ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း(၂)ခန်းတွဲ တစ်ထပ်ဆိုင်ခန်းပေါ်သို့ ဇူလိုင် ၄ ရက်နေ့ နံနက် ၈ နာရီခန့်က လဲကျနေကြောင်း ကျေးရွာအုပ်ချုပ်‌ရေးမှူးမှတစ်ဆင့် သတင်းပေးပို့ချအရ သိရသည်။
ရွှေတောင်မြို့နယ်တွင် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ် အတိုးပေအပ်ခြင်းအခမ်းအနား ကျင်းပ
Jul 06,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အမက)ဖိုးခေါင်အခြေခံပညာ မူလတန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် “မြတ်ရွှေအိုး” ငွေစုငွေချေးသမဝါယမအသင်းမှ စုဆောင်းငွေအပေါ်အတိုးပေအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ အသံမစဲမဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနား ကျင်းပ
Jul 06,2025
မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပခဲ့သည်။
ကျိုက်မရောမြို့နယ်၌ သမဝါယမအသင်းသားများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ ကျင်းပ
Jul 06,2025
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် အတ္တရံအားမာန်ငွေစုငွေချေးသမဝါယမအသင်းမှ  အသင်းသား၊အသင်းသူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို ဇူလိုင် ၄ ရက်နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရှိရုံးခန်းမ၌  ပြုလုပ်သည်။
လှည်းကူးမြို့နယ် မရမ်းချောင်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာ ရီက မရမ်းချောင်ကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကဝမြို့နယ် အ.လ.က(ချောင်းခွ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 06,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများထောက်ပံ့ပေးအပ်
Jul 06,2025
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ငလျင်ဘေးကြောင့်ထိခိုက်ခံစားရသော ပြည်ထောင်စု နယ်မြေနေပြည်တော်အတွင်းရှိ ပြည်သူများအတွက် ငလျင်စတင်လှုပ်ခတ်သည့် မတ်လ(၂၈)ရက်နေ့မှ ယနေ့အထိ (၃)လကျော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးသည့်ကဏ္ဍတွင် လူဦးရေ ၁၁၁ ဦးအား လူနာ တင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်း၊ လူဦးရေ ၁၈၇ ဦးအား စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သန်လျင်မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး
Jul 06,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘုရားကုန်းကျေးရွာအုပ်စုရှိ အလွမ်းဆွတ် အ.မ.ကခွဲ၌ ဆောင်ရွက်ခဲ့ကြသည်။