နတ်မောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

နတ်မောက် ဇူလိုင် ၇                                                                                                 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မိုးရာသီတွင် ရပ်ကွက်/ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကားဂိတ်၊ လူစည်ကားသည့်နေရာနှင့် ဈေးအတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးက ဦးဆောင်ကြီးကြပ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းနှင့် အလွတ်ကင်းသည့်ချုံနွယ်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတ်ပြုရမည့်အချက်များပါရှိသည့် ဗီနိုင်းပိုစတာများ တပ်ဆင်သတိပေးခြင်းစသည့် အကြောင်းအရာပါ အသိပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း