ညောင်တုန်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အဖွဲ့သည် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ (၁၇)လမ်းမြစ်ကမ်းသို့ရောက်ရှိလာပြီး မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ရေချိန်အမှတ်တိုင်းထွာသည့် ရေမှတ်တိုင်အားကြည့်ရှုစစ်ဆေးရာ မြို့နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အုန်းက မြစ်ကမ်းပါးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကမ်းတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် မြို့နယ်သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ၊ ယာယီခိုလှုံနိုင်ရန် နေရာများ စီစဉ်ထားရှိမှု၊ စားနပ်ရိက္ခာစုဆောင်းထားရှိမှု၊ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးအတွက် အသင့်စုဆောင်းထားရှိမှု အခြေအနေများအား မေးမြန်းဆွေးနွေးရာ မြို့နယ်သဘာ၀ဘေးကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မြို့နယ်(ပြန်ဆက်)