အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများ ထောက်ပံ့လှူဒါန်း

အောင်လံ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်(၁၂)ရက်နေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွာထောင်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်းများဖြစ်သော ဆာပါအောင်တော်မူဘုရား၊ ဆုတောင်းပြည့်ဘုရား၊ မြသိန်းတန်ဘုရားဝန်းနှင့် ဗောဓိဘုရားဝန်းတို့မှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် ရွာထောင်ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု(၁၃၂)စု၊ လူဦးရေ(၄၅၄)ဦးအား ဆန်(၅)အိတ်၊ ခေါက်ဆွဲခြောက်(၄၅၄)ထုတ်၊ ရေသန့်(၁)လီတာဗူး (၄၅၄) ဘူးစသည်တို့ကို အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်များ ပူးပေါင်း၍ စုစုပေါင်းငွေကျပ်(၈,၃၄,၃၀၀/-)(ရှစ်သိန်းသုံးသောင်းလေးထောင့်သုံးရာတိတိ)လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)