သရက်မြို့၌ ရေဘေးရှောင်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ဆက်လက်ပေးအပ်
Jul 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျောက် မြစ်ရေများဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် ပိဿလိမ်းကျေးရွာ၊ စမ်းအိုင့်ကျေးရွာ၊ ရေပေါ်ကျွန်းကျေးရွာ၊ ထုံးတောင်ကျေးရွာ၊ လက်ပံဆိပ်ကျေးရွာ၊ ဆင်သေကျေးရွာ၊ ကျဦးကျေးရွာနှင့် အမှတ်(၅) ရပ်ကွက်တို့ရှိ အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ဆန်ရိက္ခာဖိုးများထောက်ပံ့ပေးလျက်ရှိရာ ကျန်ရှိနေသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယနေ့နံနက် ၁၁ နာရီက ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့သည်။