မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

မိုင်းစံ  ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုင်းစံမြို့ မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

မိုင်းစံမြို့အတွင်း စာဖတ်ရှိန်မြှင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသူများအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)