ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ကျောက်တလုံးကြီး  ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲသို့ ကျောက်တလုံးကြီးမြို့ အခြေခံပညာမိသားစု (၂၅) တွင်ပါဝင်သော ကျောင်းပေါင်း (၁၇)ကျောင်းမှ ကျောင်းသား/သူများက အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများသို့ ကဏ္ဍအလိုက် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောက်တလုံးကြီးမြို့ အခြေခံပညာမိသားစု (၂၅) အနေဖြင့် ကျောင်းသား/သူများ ပညာရည်မြင့်မားရေးနှင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်အတွက် ဉာဏ၊ ကာယစွမ်းရည် ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း