သတင်းများ

မြစ်ကြီးနားမြို့၌ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)စေလွှတ်နိုင်ရေး ဆန်းစစ်ရွေးချယ်ပွဲကျင်းပ
Jul 17,2024
ကချင်ပြည်နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာဦးစီးဌာန ပြည်နယ်တွင်း အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ကာယ(ဆရာ/မ)များ အရည်အသွေး တိုးတက်မြင့်မားစေရေး နေပြည်တော်ကောင်စီနယ်မြေတွင်ဖွင့်လှစ်မည့် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)တွင် တက်ရောက်ခွင့်ရရှိမည့် ဆရာ/မများအား ဆန်းစစ်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ပြည်နယ် ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့သည်။
သထုံမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Jul 17,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရွှေချောင်းအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်၊ ယောဒေါင့်ကျေးရွာ ရွာထိပ်ရှိထန်းလုံးချောင်း တာကျိုးပေါက်မှုအား ကြည့်ရှုစစ်ဆေး
Jul 17,2024
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရွှေတောင်မြို့နယ်၊ ယောဒေါင့်ကျေးရွာ ရွာထိပ်ရှိထန်းလုံးချောင်းတာကျိုးပေါက်မှုအား ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မြစ်ကြီးနားမြို့၌ ကျင်းပ
Jul 17,2024
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂)လရက်‌နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးညှင်းခရိုင်၌ ဝါးစိုက်ပျိုးရေးလုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး
Jul 17,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ဝါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ဝါးစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အင်းစိန်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ မြေညီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jul 17,2024
ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်တက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ဗန်းမော်မြို့ Community Centre ခန်းမတွင် (၇၇)နှစ်မြောက်အာဇာနည်းနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကျင်းပ
Jul 17,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသားကျောင်းသူ လူငယ်များအား အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြု လေးစားကြည်ညိုတတ်စေရန် ရည်ရွယ်၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။