သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇူလိုင် ၁၇

သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ သန်လျင်ခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး(ကိုယ်စား)ဒုတိယဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မြင့်က လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ စဉ်ဆက်မပျက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လာမည့်သြဂုတ်လ(၁၂)ရက်နေ့သည် လူငယ်များနေ့ဖြစ်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ လူငယ်များတွေ့ဆုံဆွေးနွေးပွဲတွင် သန်လျင်ခရိုင်မှ ပါဝင်ဆွေးနွေးနိုင်ရေး ရွေးချယ်ပေးကြစေလိုကြောင်း၊ မြို့နယ်အသီးသီးမှ လူငယ်ရေးရာကော်မတီများကလည်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်လူငယ်ရေးရာကော်မတီဝင်များနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများက အကြံပြုဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)