သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးနှင့် အရံစေတီများ ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များ တင်လှူပူဇော်ပွဲ ကျင်းပသွားမည်

မင်းဘူး   ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးနှင့် အရံစေတီ(၈) ဆူတို့အား ၂၀၂၄ ခု ဩဂုတ်လဆန်းပိုင်းတွင် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များ တင်လှူပူဇော်သွားမှာဖြစ်ကြောင်း ရှင်ပင်စက္ကိန်းတဲ ဘဏ္ဍာ ထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။

“ကျွန်တော်တို့ ရွှေထီးတော်များ တင်လှူပွဲအတွက် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့မှာ မင်းဘူးမြို့ မဟာဝိသုတာရမ တိုက်သစ်ကျောင်း ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဉာဏိက၊ သာသနာ့ဝေပုလ္လ မှန်ကင်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တပုည (မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ) အမှူးပြုသော  ဩဝါဒါစရိယ ဆရာတော်အရှင်သူမြတ်များထံမှ ရက်များ သတ်မှတ် မိန့်ကြား၍ ဩဝါဒခံယူကာ ရွှေထီးတော်များ တင်လှူသွားမှာပါ။ ဒါကြောင့် ဩဂုတ်လ ပထမပတ်မှာ ရွှေထီးတော် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များ တင်လှူပူဇော်နိုင်မှာပါ” ဟု ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး ဘဏ္ဍာထိ န်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)