သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် (၂၀) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၂၀) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ် ၁ နာရီ အချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉၃ စင်တီမီတာ (၃)ပေ ကျော် မြင့်တက်နေသေး
Jul 21,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၉၃ စင်တီမီတာ(၃)ပေကျော်မြင့် တက်နေသေးကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံက သိရသည်။
ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲက ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့
Jul 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ထူးကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ကျွန်းကလေးကျေးရွာနှင့် ရေချမ်းစင်ကျေးရွာနှင့် မြင်းခြံစုကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့် ဓာတ်ဆားထုပ် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးတွင် ဝါဆိုကြာသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ
Jul 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအနီး တည်ထားကိုးကွယ်ထားရှိသော ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၈ နာရီက  ဝါဆိုကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ကာလမ်းဘေးနှစ်ဘက်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး
Jul 21,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်း မိုးစပါးစိုက်ပျိုးရန် အတွက် ဧက ၅၀ စာ ဆင်းသုခ၊ ဧရာမင်းနှင့် ထိုင်းနှံကောက် စသည့် စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု အဆင့်ဆင်ကို သွားရောက်ကြည့်ရှုအားပေးသည်။
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jul 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ ဒိုက်ဦးဥသျှစ်ကုန်းလမ်းနှင့် ဗျက်ကလေးကျေးရွာချင်းဆက်လမ်းဂဝံခင်းခြင်း ဆောင်ရွက်
Jul 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒိုက်ဦးမြို့နယ် (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ်ဒိုက်ဦး ဥသျှစ်ကုန်းလမ်းနှင့် ဗျက်ကလေးကျေးရွာချင်းဆက်လမ်းလမ်းခြင်း လုပ်ဆောင်လျက်ရှိသည်။
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား
Jul 21,2024
၂၀၂၄-ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် ဝါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူ သူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။