ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဇလွန် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ ပရိတ်တော်အဖွဲ့ ၁၃ ဖွဲ့က ဓမ္မစကြာသုတ်ကို ညနေ ၆ နာရီအချိန်ထိ အလှည့်ကျ ရွတ်ဖတ်ပူဇော်မည်ကြောင်း ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင်ဂေါပကအဖွဲ့ထံမှ သိရသည်။

ဇလွန် (ပြန်/ဆက်)