သတင်းများ

တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် စာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်
Jul 22,2024
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည့်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်နေ
Jul 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့ချိန်ဖြစ်ကာ နွေနှမ်းဈေးကွက်၌ ဂျပန်နှမ်းနက်တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယနေ့နံနက်(၉) နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမှတ်(ON-4185)ရေယာဥ်အမည် MV ရတနာ ထိန်လင်း ၊ ရေယာဥ်အမည် MV အာသာဝတီ၊ (ON- 7387A) ရေယာဥ်အမည် MV ဓနရွှေလမင်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ
Jul 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ် (၃) တပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးသည်။
ဟင်္သာတမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ သက်သာစွာရောင်းချပေး
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်း သက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီမှ စတင်၍ အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး
Jul 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Jul 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်တာဝန်ရှိသူများသည် မိုးစပါးထွက်နှုန်းတိုးထွက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈၆)ဘီလီယံဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်မိုးစပါး စီမံကိန်းအတွက် တောင်သူများသို့ သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့်သဘာဝမြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။