နတ်မောက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းနှင့် ကျန်းမာရေး ဆရာ/မများက ထက်၊ လယ်၊ မူ ကျောင်းသား/သူများအား ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းသား/သူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း