မှော်ဘီမြို့နယ်အတွင်း အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်စာရင်းထွက်ရှိ
Jul 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ တစ်နိုင်ငံလုံးရှိ စာဖြေဆိုခဲ့သော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေဌာန (၂၀၆ )ဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၇)ခုတို့၌ ပထမကြီးပထမလတ်/ ပထမငယ်/ အခြေပြုမူလတန်းတို့၌ စာမေးပွဲဖြေဆိုရန် စာရင်းသွင်း သံဃာ / သီလရှင် စုစုပေါင်း ( ၆၂၅၇၂ ) ပါးတို့အနက် ဖြေဆိုသံဃာ (၄၆၄၁၄)ပါးတို့ ဖြေဆိုတော်မူရာ (၁၄၃၄၈) ပါး ဖြေဆိုအောင်မြင်တော်မူကြရာ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။