နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု
Jul 09,2025
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရန်အောင်မြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၈၊ ဃ)၊ သက္ကယ်ခြံတောင်ကွင်းရှိ တောင်သူဦးထွန်းငွေ၏ လယ် (၁၀) ဧကမိုးစပါးစိုက်ပျိုးရန် မြေပြင်ထွန်ယက်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး နေပြည်တော်ကောင်စီဝင်က ရေစီးရေလာကောင်းမွန်စေရေး လယ်ကြားမြောင်းများရှင်းလင်းရန်နှင့် စပါးအထွက်တိုးအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။