စေတုတ္တရာမြို့နယ်တွင် နွေစပါးအောင်နိုင်တိုးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

စေတုတ္တရာ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅  နွေရာသီတွင် စိုက်ပျိုးခဲ့သော နွေစပါး အောင်နိုင်တိုး စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ ကွင်းအမှတ် ၉၃/က၊ ဦးပိုင်( ၁၅)တောင်သူဦးစိုးခိုင်၏ စိုက်ခင်း(၁)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  နွေစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ ဝင်များ၊စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ ပူးပေါင်း၍ နွေ
စပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။

နွေစပါးအောင်နိုင်တိုးကိုပင်ကြားတန်းကြား (၈"×၆"ဖြင့်စိုက်ပျိုးခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လ(၂၀)ရက်နေ့က စတင်စိုက်ပျိုးခဲ့ရာ ဇူလိုင်(၈)ရက်နေ့အထိ ရက်ပေါင်း(၁၁၁)ရက်အကြာတွင် စံကွက်ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး နွေစပါးစံကွက်တစ်ဧကလျှင် အစိုထွက် (၁၃၅.၃၉) တင်း၊ အခြောက်ထွက်မှာ တစ်ဧကလျှင် (၁၂၁.၈၅)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆန်းကိုကို