ကျွန်းလှ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတွင် ဗုဒ္ဓဘာသာအနွယ်ဝင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးပြည်သူများက ဆရာတော်သံဃာတော်များအား ဝါဆို သင်္ကန်းဆက်ကပ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အာဟာရဒါန ကုသိုလ်ပြုခြင်းနှင့် ဥပုသ်သီလတောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)