ကော့‌‌သောင်းမြို့တွင် ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ကော့သောင်း ဇူလိုင် ၉

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘုရင့်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့  ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါခရိုင်အမျိုးသမီးရေးရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က “အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်များကို ကော်မတီဝင်များ ရှင်းလင်းစွာ သိရှိရေး၊ အမျိုးသမီးအခွင့်အရေးများ သိရှိစေမှသာ ကူညီဆောင်ရွက်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း၊ ထိရောက်သော အချက်များဖြင့် ကော်မတီဘက်မှ ဆွေးနွေးတင်ပြရန်” အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းမှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(NSP AW အားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်များအားလည်းကောင်း၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဖွဲ့စည်းထားရှိမှုအားလည်းကောင်း၊ အသိပညာပေးဟောပြောပွဲ၊ သင်တန်းများဆောင်ရွက်ခြင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအား ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ အကြမ်းဖက်ဖြစ်ရပ်များ တုံ့ပြန်ဆောင်ရွက်ခြင်းတို့အား Power Point ဖြင့် ဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် ခရိုင်အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြပြီး ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ထိရောက်အောင် ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)