နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံ ၊ ဆည်ရေသောက် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇူလိုင် ၉

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမင်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်‌နေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာရှိ တောင်သူများအား ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးမြေများကို ပလပ်မြေမထားပဲ နွေ၊ မိုး၊ ဆောင်း ရာသီ‌ပြည့် သီးနှံများစိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သောစိုက်ပျိုးရေ၊ မျိုး၊ သွင်းအားစုများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်များက မေးမြန်းဆွေးနွေးချက်များပေါ် လိုအပ်သည်များမှာကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင်း နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ပျဉ်းမနားမြို့နယ်၊ ကင်းပွန်းတန်းကျေးရွာရှိ ဆည်ရေသောက် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအ တင်ပြချက်များအပေါ် ဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် တောင်သူများဆည်ရေကို အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှကြီးကြပ်၍ သက်ဆိုင်ရာတောင်သူများ ပူးပေါင်းပါဝင်သော ရေအသုံးချသူများအဖွဲ့ကိုဖွဲ့စည်း၍ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအာ မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)