မူဆယ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မူဆယ် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ခရိုင်မီးသတ်တပ်ဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် (၉) နာရီက ပြုလုပ်သည်။

အခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့သို့ နိုင်ငံတော်က ထောက်ပံ့ပေးထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။ ထို့ပြင် မူဆယ်မြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေ (၁၀) သိန်းကျပ် ချီးမြှင့်ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)