မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာ စနစ်ကျလယ်ယာမြေဧက(၁၀၀)တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

မြန်အောင် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမှ ၂၀၂၄-၂၀၂၅ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စုစနစ်ကျ ဧက(၁၀၀)ကွင်းရှိ ကွင်းအမှတ်(၂၄၉)တောင်သူ ဦးစိုး၊ ဦးအောင်မင်း၊ ဦးတင်ဦးတို့၏လယ်မြေ(၆)ဧကတွင် ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

KUBOTA(၆)တန်းသွား ကောက်စိုက်စက်ဖြင့် မြန်အောင်မြို့နယ်တွင် ဧက(၁၀၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရော ဂါကင်းသောပျိုးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီးစပါးအထွက်နှုန်းကောင်းစေခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များ ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်းနှင့် ကောက်စိုက်စက် ၏ စက်မှုပိုင်းဆိုင်ရာများကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်းက ရှင်းလင်းပြောကြား၍ ကောက်စိုက်စက်ဖြင့် လက်တွေ့မောင်းနှင် စိုက်ပျိုးသရုပ်ပြခဲ့သည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုးနှင့်အဖွဲ့ဝင်များ မြန်အောင်ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)