ကော့သောင်းမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
Jul 28,2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့တွင် ဖွင့်လှစ်ခဲ့သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ကော့သောင်းမြို့၊ Victoria Cliff ဟိုတယ်အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ စစ်ဗျူဟာအခြေချအဖွဲ့(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကော့သောင်းခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။