ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Aug 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တာ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းတို့ကို အခြေခံပညာကျောင်းများသို့ ငှားရမ်းပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသစာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။