အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပ

အင်းစိန် ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်က အမှာစကားပြောကြားပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရန်မီးသတ်ယူနီဖောင်းဝတ်စုံများ ပေးခဲ့သည်။

သင်တန်းကို မီးသတ်ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးအား အခြေခံမီးငြှိမ်းသတ်ရေးနည်းစနစ်များနှင့် ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီ မိနစ်(၃၀)အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါအခမ်အနားသို့ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးထွန်းလင်းစိုး၊ မြို့နယ်ကျန်းမာရေးမှူး၊ အရန်မီးသတ်ဒုတိယတပ်ရင်းမှူးနှင့်တပ်ခွဲမှူး၊ ဒုတိယတပ်ခွဲမှူးများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)