လေပြင်းတိုက်ခတ်၍ နေအိမ်(၂) လုံး ပြိုကျပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေများပေးအပ်

သာပေါင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားကုန်း ကျေးရွာအုပ်စု၊ ကျိန္တလီ ကျေးရွာတွင် ဇူလိုင်လ ၂ ရက်နေ့၌ဖြစ်ပွားခဲ့သော မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၂)လုံးရှိ မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မိုးသက် လေပြင်းတိုက်ခတ်ကာ သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့ရသည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး(၄၀၀,၀၀၀) ကျပ်၊ အိမ်ထောင်(၂)စုရှိ လူဦးရေ(၉)ဦးအတွက်ဆန်ဖိုး(၄၅,၀၀၀)ကျပ် ပေါင်းငွေ(၄၄၅,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၂)ပုံးတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်မျိုးကိုတို့က ဘေးသင့်မိသားစုများလက်ဝယ်သို့ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း (ပြန်/ဆက်)