ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ ဝါဆိုလပြည့်(ဓမ္မစကြာအခါ​တော်နေ့)တွင် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

ဇလွန် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါ​​တော်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် ယမန်နေ့တွင် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါ​​တော်နေ့) နေ့ထူးနေ့မြတ်တွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်ကြီးကျောင်း များတွင် ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကားလျက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ ဘုရားများ၊ ဘုန်ကြီးကျောင်းများ၌ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူပူဇော်ခြင်းစသည့် ကုသိုလ်ပြုမှုများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဝေယံ-ဇလွန်