မအူပင် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင်အဆင့် အရေးပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အရေးပြိုင်ပွဲအကဲဖြတ်ဒိုင်အဖွဲ့မှ ဦးခင်ဇော်ဝင်းက အရေးပြိုင်ပွဲ၏စည်းမျဉ်း၊ စည်းကမ်းများအား ဖတ်ကြားရှင်းလင်းပြီး ပြိုင်ပွဲဝင်များမှ “ပြည်ထောင်စုအမွေ ထိန်းသိမ်းစို့မသွေ” ခေါင်းစဉ်ဖြင့် မအူပင်မြို့နယ်မှ ဝါသနာရှင်အဆင့်(ဒုတိယတန်း) ဦးစိန်သန်းနှင့် အဆင့်မြင့်ပညာအဆင့် မအေးအေးစိုးတို့မှ အရေးပြိုင်ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါအရေးပြိုင်ပွဲအား မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ၊ အကဲဖြတ်ဒိုင်အဖွဲ့အဖြစ် မအူပင်မြို့နယ်မှ ဦးခင်ဇော်ဝင်း၊ ပန်းတနော်မြို့နယ်မှ ဦးမန်းထွန်းအောင်၊ ညောင်တုန်းမြို့နယ်မှ ဒေါ်သူသူဆန်း၊ ဓနုဖြူမြို့နယ်မှ ဦးအောင်မျိုးပိုင်တို့မှ ကြီးမှူးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)