ရမည်းသင်းမြို့၊ ရွှေသင်းဘိုးဘွားရိပ်သာ (၁၅)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား ကျင်းပ

ရမည်းသင်း ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ သီလဝ(၂)ရပ်ကွက်ရှိ ရွှေသင်းဘိုးဘွားရိပ်သာ (၁၅)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်၆နာရီက ရွှေသင်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွှေသင်းဘိုးဘွားရိပ်သာကော်မတီများ၊ အလှူရှင်များနှင့် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားတို့က သံဃာတော်(၃)ပါးကို အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဆင်ကျုံကျောင်း ဆရာတော် ဦးအင်္ကုရ

ထံမှ ငါးပါးသီလဆောက်တည်ကာ အနုမောတနာတနား တရားနာကြားပြီး ဝါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းကာ ရေစက်ချတရား နားကြားခဲ့ကြသည်။

ထို့နောက် နှစ်ပတ်လည်အခမ်းအနားကိုကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က ဂုဏ်ပြုစကားပြောကြားပြီး ရွှေသင်းဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးတင်ငွေမှ ဘိုးဘွားရိပ်သာရေရည်တည်တံ့ခိုင်မြဲရေးနှင့် အဘိုး၊ အဘွားများအား ပြုစုစောင့်ရှောက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားပြီး ဘိုးဘွားရိပ်သာရှိအဘိုး(၆)ဦး၊ အဘွား(၂)ဦးတို့ကို ဂါရဝပြုပစ္စည်းများ လက်ရောက်ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ အလှူရှင်များမှ အလှူငွေ ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာကော်မတီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ အလှူရှင်များအာ ဘိုးဘွားရိပ်သာကော်မတီ အတွင်း‌ရေးမှူး ဦးစိုးမိုးအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားသို့ ရမည်းသင်းမြို့တပ်နယ်မှူး အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်မှူးဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)