ရပ်စောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ခေတ်မီစံပြကျေးရွာ ကျောက်တောကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ကျေးရွာသူ၊ ကျေးရွာသားများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။