မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရတိုက်ကျွေးခြင်းများ ဆောင်ရွက်

မိုင်းစံ ဩဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရများတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သာကူကျိုအာဟာရ တိုက်ကျွေးပါသော မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးစိုးနိုင် + ဇနီး ဒေါ်အေးအေးနု မိသားစုနှင့် ဦးစိုင်းခမ်းပန် + ဇနီး ဒေါ်နန်းခမ်းလင်း မိသားစုတို့အား ဆုတောင်းမေတ္တာများ ပို့သပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ခံအားကောင်း​စေရန်၊ သွေးလွန်တုပ်ကွေးဖျားနာခြင်းများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန်၊ ဦးနှောက်ဥာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများ စားသောက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရပြည့်ဝသော သာကူကျိုများ တိုက်ကျွေးခြင်းဖြစ်ကြောင်း မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်ထံမှ သိရှိရသည်။

မိုင်းစံ(ပြန်/ဆက်)