ဝမ်းတွင်း ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်မှူး ဦးတင်လှိုင်က ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ်များကို ဟောပြောခဲ့သည်။ ဆက်လက်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း-ခွဲ အမှတ်-၁ မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ကိုရဲ (ဝမ်းတွင်း)