ကဝ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင်ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများသိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာစည်းမျဥ်း၊ စည်းကမ်းများအားရှင်းလင်းပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် အလယ်ရွာနှင့်ငွေတောင်ကျေးရွာအတွင်းမှ တောင်သူ(၂၃၆)ဦးအတွက် လယ်မြေတစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက(၁၈၆၈)ဧကအတွက် စုစုပေါင်းငွေကျပ် (၂၈၀၂၀၀၀၀၀)ကို ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည် ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)