ပုသိမ်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက (Community Centre) ပံသုကျီခန်းမ၌ ကျင်းပသည်။

ဦးစွာမြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်း၏ ဦးဆောင်မှုဖြင့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပခဲ့သည်။ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြသခြင်း၊ စာစီစာကုံး၊ ဆေးရောင်ခြယ်၊ ကျပန်း၊ ကဗျာရွတ်၊ ပုံပြော၊ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲများကို ဇူလိုင် ၁၈ ရက်နေ့မှစ၍ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိထံမှ သိရသည်။

အဆိုပါပြပွဲပြိုင်ပွဲများတွင် အ.ထ.က ပုသိမ်ကြီးမှ အလယ်တန်းပြဆရာမ ဒေါ်ချိုချိုအောင်၊ ဒေါ်သဲအေးသန့်ဇင်၊ ကျောင်းသား၊ ကျောင်းသူ (၃၆) ဦးတို့ဖြင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်း၊ စာစီစာကုံး၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)