သတင်းများ

လက်ပံတန်းမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကျင်းပ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပညာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု မြို့နယ်အဆင့်နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Feb 16,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “အသိနှင့်ပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် “ဝ”တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် “ဝ”တိုင်းရင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့တွင် မိုင်းဇင်း‌ကျေးရွာအုပ်စု၊ ပင်းဆိုင်း “ဝ”ရွာတွင် ကျင်းပခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ကျောင်းတွင်း ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 16,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းတွင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လသာမြို့နယ်ရုံးတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 16,2024
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာ​ပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယ​နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀% ဖြင့် ဆောင်ရွက်သည့် ဗြိစင်အင်းကျေးရွာ ခန်းမဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစိမံကိန်းကျေးရွားများအနက်၊ ဗြိစင်အင်းကျေးရွာအုပ်စု၊ ဗြိစင်အင်းကျေးရွာတွင် စီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာခန်းမဆောင် တည်ဆောက်ထားပြီးစီးမှု အခြေ အနေများအား၊ ယနေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Feb 16,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း တည်ထားကိုးကွယ်တော်မူသည့် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် တပ်ဦးကမ္ဘာအေး စေတီတော်မြတ် ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ အရာရှိ၊ အရာခံ စစ်သည်များ၊ မိသားစုဝင်များ တက်ရောက်သည်။