တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “အသိနှင့်ပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းကိုကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက(၂)ဦးမြသိန်းက သုတနှင့်မုတအတွေ့အကြုံ” ခေါင်းစဥ်ပါအကြောင်းအရာများ၊ (Book Club)ဥက္ကဋ္ဌစာရေးဆရာမောင်ယဥ်ထွေး(တက္ကသိုလ်)က “စလုပ်ဖို့အရေးကြီး” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ အဖွဲ့ဝင်ပန်းချီဆရာဦးစိုးမြင့်လေးက “အကယ်၍သာစာဖတ်များခဲ့သော်” ခေါင်းစဥ်ပါအကြောင်းအရာများ၊ (Women Club) အဖွဲ့ဝင် ဒေါ်ပွင့်ဖြူစင်သက်က “ခေါင်း​ဆောင်စွမ်းရည်” ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက(၂)ဦးမြသိန်းက  ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)