လက်ပံတန်းမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကျင်းပ

လက်ပံတန်း  ဖေဖော်ဝါရီ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပညာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု မြို့နယ်အဆင့်နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက လက်ပံတန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၀၇ ကျောင်းတွင် ကိုဗစ်ရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ဆုံဆို့ကြက်ညှာ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ သွားနှင့်ခံတွင်း တကိုယ်ရေ သန့်ရှင်းရေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားရာ တက်ရောက်လာသော ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာဆိုင်ရာများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)