Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မြို့ပေါ်ရပ်ကွက်များသို့ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး
Mar 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ၆-၃-၂၀၂၄ ရက်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရေပြည့်ကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈)ခုမှ ကျောင်းသား/သူ(၇၅၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာမြို့နယ်အတွင်း စာစစ်ဌာန(၈)ခုမှ ကျောင်းသား/သူ (၇၅၂) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား (၁၆၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၂၁)အုပ်စုမှ အသက် (၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား (၁၆၆)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်မှုများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် ဆောင်းဆီထွက်သီးနှံ ဆောင်းနေကြာ Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု၌ ဆောင်းဆီထွက်သီးနှံနေကြာ စံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနနက်ပိုင်းက ကွင်းအမှတ် (၁၃၈၃)၊ ဦးပိုင်အမှတ်(၁/၄)တောင်သူ ဒေါ်မြင့်မြင့်အေး၏ လယ်မြေ(၁၀.၀၀)ဧကတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)နှင့် ခရိုင်ရုံးရှိ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် နယ်မြေအေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် စက်လှေများနှင့် ခရီးသည်တင်ရေယာဉ်များ စစ်ဆေးခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အကြမ်းဖက်သမားများ ဝင်ရောက်မှု မရှိစေရေး၊ နယ်မြေအေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီ အချိန်ခန့်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သင်္ဘောဆိပ်များ၌ ဆိုက်ကပ်ထားသောစက်လှေများ၊ ရေယာဥ်များရှိ ခရီးသည်များအား မှတ်ပုံတင်များ စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6867
Page
6868
Page
6869
Page
6870
Current page
6871
Page
6872
Page
6873
Page
6874
Page
6875
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department