ဂန့်ဂေါမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား (၁၆၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ဂန့်ဂေါ မတ် ၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၂၁)အုပ်စုမှ အသက် (၈၅)နှစ်အထက် အသက်ကြီးဘိုးဘွား (၁၆၆)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်မှုများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တတိယ(၃)လပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် အသက်ကြီးဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၂၁)အုပ်စုတို့ရှိ အသက်(၈၅)နှစ်အထက် အဘိုး(၅၂)ဦးနှင့် အဘွား (၁၁၄)ဦး စုစုပေါင်း အသက်ကြီးဘိုးဘွား (၁၆၆)ဦးတို့အား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသက်ကြီးဘိုးဘွား (၁၆၆)ဦးအား စုစုပေါင်းငွေကျပ် (၄၉၈၀၀၀၀) ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)