လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး
Feb 16,2024
လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Best Oil Company (10002.32.5.2.1) မိုးညှင်းမြို့နယ်မှ အာမခံအလုပ်သမား ဦးသူရဇော်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးခြင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊မြို့နယ်လူမှုဖူလုံရေးရုံးတွင် ၁၆-၂-၂၀၂၄ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။